copy link

ပထမဆုံးအနေနဲ့ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos PUBG Mobile ဂုဏ်ပြုကြိုဆိုပွဲကြီးဟာ အောင်အောင်မြင်မြင်နဲ့ပြီးမြောက်သွားခဲ့ပြီဖြစ်ပါတယ်
ယခုလို ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှပါဝင်အားဖြည့်ကူညီပေးကြတဲ့
MESF မှ တာဝန်ရှိ လူကြီးမင်းများ၊
ခမ်းခမ်းနားနားစင်မြင့်ဖြစ်လာစေဖို့ (၂) ရက်အတွင်း စေတနာမေတ္တာအပြည့်နဲ့ အားသွန်ခွန်စိုက်ပံ့ပိုးကူညီပေးခဲ့ကြတဲ့ HOG မှ တာဝန်ရှိဝန်ထမ်းများ၊
ကျွန်တော်တို့ရဲ့ Official Mobile Wallet Partner ဖြစ်တဲ့ KBZPay က တာဝန်ရှိလူကြီးများနဲ့ ဝန်ထမ်းများ၊
ပွဲကျင်းပနေစဉ်အတွင်း မိုးတွေ ရွာနေတာတောင်မှ ထီးလေးတွေကိုယ်စီနဲ့ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ PUBGM အသင်းကို အားပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသောပရိတ်သတ်ညီအစ်ကိုမောင်နှမများ
ပွဲကိုတက်ရောက်ချီးမြှင့်ခဲ့ကြတဲ့ Community ပေါင်းစုံက မိတ်ဆွေသူငယ်ချင်းများ၊ Media Partners များနဲ့
ကျေးဇူးတင်ထိုက်သူအားလုံးကို ရင်ထဲ မပြောပြတတ်အောင် အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
Yangon Galacticos မိသားစုအနေနဲ့ ဒီအခိုက်အတန့်ကို အမှတ်တရအဖြစ်အမြဲသိမ်းဆည်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။
Together We RISE, We are YG!
#YangonGalacticos
#WERISE
#YG
See less
#Tag-1
Dota 2
Dota 2
PUBG
MLBB